Posts

Showing posts from September, 2020

ကျွန်တော်နှင့် မူးယစ်ဆေးဝါး အန္တရာယ်

Image
  ကျွန်တော်နှင့် မူးယစ်ဆေးဝါး အန္တရာယ် ကျွန်တော် သိသော “ ဘိန်း ” ထို စကားလုံးကား တစ်လုံးတည်းပေမယ့် လူမှုပတ်ဝန်းကျင် တွင် တွင်ကျယ်လှသော စကားလုံးဖြစ်သည်။ ကျွန်တော်တို့ ငယ်စဉ် ကလေးဘဝအရွယ် ကပင် နေ့စဉ်နှင့် အမျှ ကြားနေရသော ဝေါဟာရများ တွင် ထိုစကားလုံးမှာ အကြားရဆုံး ဝေါဟာရ တစ်ခုဖြစ်မည်ထင်။ “ ဟဲ့ ကလေး အပြင်မထွက်နဲ့ နင့် ဘိန်းစား ဖမ်းသွားမယ် ” ဆိုသော စကားမျိုးမှ အစ “ ဟေ့ကောင် အလုပ်ကို ဘိန်းစားလို လုပ်မနေနဲ့ ” “ ဒီကောင် အလုပ်လုပ်နေတာကလဲကွာ ခါးမကျိုးလိုက်တာ ဘိန်းမစားရသေးလို့လား ” “ ဟှောင့် အလုပ်ကို သေချာလုပ် မင်းကို ဘိန်းခြံပေါက်ခိုင်းနေတာ မဟုတ်ဘူး ” စသည့် စကားမျိုးကို ငယ်ဘဝမှစ လုပ်ငန်းခွင် ဝင်ချိန်ထိ ကြားခဲ့ရဘူးသည်။ “ ဘိန်း ….. ဘိန်း ” ထို စကားလုံးကို ခနခန ကြားဖူးနေသော်လည်း ထို ဘိန်းဆိုသည်မှာ မည်သို့သောအရာဖြစ်သည် မည်သို့သော စွမ်းပကားရှိသည် မသိ။ ခုနောက်ပိုင်း ခုနှစ်များတွင် မူးယစ်ဆေးဝါးများကို ဖမ်းဆည်းရမိမှုမှာ ခပ်စိပ်စိပ်ဖြစ်လာခဲ့သည်။ ဖမ်းဆည်းရမိသည့် ပမာဏမှာလည်း များပြားလာသည်ကို သတိထားမိလာခဲ့သည်။ မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲ ပြဿနာများ ကိုလည်း မကြာခဏ တွေ့မြင်လာကြရသည်။ ယနေ့ခေတ် လူငယ်မ...

တရေးနိုးအိပ်မက် နှင့် အနာဂတ် နိုင်ငံ

Image
                                    တရေးနိုးအိပ်မက် နှင့် အနာဂတ် နိုင်ငံ (အပိုင်း ၁ ) ဆောင်း၏ မနက်ခင်းအောက်မှာ မြို့ငယ်လေးက အိပ်မောကျနေရာမှ ရုတ်တရက် နိုးထလာခဲ့သည်။ အရှေ့ဘက်ဆီမှ တနေ့တာ တာဝန်ကို ထမ်းဆောင်မည့် နေမင်းကြီး၏ ပထမဆုံးသော ရောင်နီကို မြင်နေရပြီဖြစ်သော်လည်း တောင်ပေါ်ဒေသ ဆောင်းနှင်းမြူရိပ်ကို အံတုခြင်းငှာ မစွမ်းဆောင်နိုင်သေး။ မြို့ငယ်လေး၏ လမ်းမကြီးထက်ဝယ် လူတစ် စု ကား ဆောင်းမနက်၏ အေးမြမှုကို အံတုကာ လမ်းမကြီးအတိုင်း ပြေးလွှားနေကြသည်။ အချက်ကျကျ ပြေးလွှားလှုပ်ရှားနေသော ခြေသံနှင့်အတူ အားမာန်အပြည့်ဖြင့် ဟစ်ကြွေးလာသော တိုင်ပင်ခေါ်သံတို့သည် မြို့ငယ်လေးကို ဆောင်းအိပ်မက်မှ ရုတ်တရက် နိုးထစေခဲ့တော့သည်။             “ ဘာလုပ်နေလဲ ” “ လေ့ကျင့်နေတယ် ” “ ဘာလုပ်ဖို့လဲ ” “ ထက်မြတ်စေဖို့ ” “ ဘာအတွက်လဲ ” “ အနာဂတ်အတွက် ” “ ဘာစိတ်ဓာတ်လဲ ” “ သံမဏိစိတ်ဓာတ် သံမဏိစိတ်ဓာတ် ”             ထိုသူ ထိုသူတို့သည်ကား ...